စလင်း ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နှင့် လူမှုရေး” လူငယ်လမ်းညွှန်ဆောင်းပါးစာအုပ်အား လေ့လာဖတ်ရှု၍ စလင်းမြို့ တောင်သီတပ်ရပ် အခြေခံပညာမူလတန်းကျောင်းမှ Grade-4၊ Grade-5 ကျောင်းသား၊ ကျောင်းသူကလေးများနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအေးလင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ကျောင်းသင်ခန်းစာအပြင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အသိအမြင်ဗဟုသုတ အတွေးအခေါ်အယူအဆများရရှိစေပြီး တစ်ဦးနှင့် တစ်ဦး စာအုပ်စာပေမှရရှိသည့် အသိအမြင်များကို ပြန်လည်ဆွေးနွေးနှီးနှောဖလှယ်ခြင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲမှ ရရှိလာသည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာမူလတန်းကျောင်း တောင်သီတပ်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများထဲမှ Grade-4၊ Grade-5 ကျောင်းသား/ ကျောင်းသူ (၅)ဦးတို့မှ “လူငယ်နှင့်စိုးရိမ်စိတ်၊ လူငယ်နှင့်လူမှုရေး၊ လူငယ်နှင့် ဝါသနာ၊ လူငယ်နှင့်ပြိုင်ပွဲ၊ လူငယ်နှင့်အသိစိတ်ဓာတ်” ခေါင်းစဥ်များမှ ကျောင်သား မောင်လှမျိုးက စာအုပ်ပါခေါင်းစဥ်မှ ရေးသားဖော်ပြချက်များအား ဖတ်ရှုပြောကြားရာ ပြီးခဲ့သည့်နှစ် နိုင်ငံနှင့်အဝှမ်း ရေဘေးသင့်ပြည်သူများ၏ ဒုက္ခပုံရိပ်တွေက သတင်းမီဒီယာများနှင့် အွန်လိုင်းတစ်ခုလုံးမှာ နေရာယူခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်၏နှိပ်စက်မှုကြောင့် နဂိုကဆင်းရဲလှသည့် ပြည်သူတွေလည်း တစ်ပူပေါ်နှစ်ပူဆင့်သလိုဖြစ်ခဲ့ကြကြောင်း၊ အဆိုးထဲကအကောင်းဆိုသကဲ့သို့ ပြည်သူတွေအနေဖြင့် ဘေးအန္တရာယ်ကျရောက်ချိန်မှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ခဲ့ပြီး ပရဟိတအဖွဲ့အစည်းတွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီး ဒုက္ခရောက်နေတဲ့လူထုထံကို ပင်ပန်းခက်ခဲစွာ သွားရောက်ကူညီခဲ့ခြင်းသည် နေရာတိုင်းမှာ ထိရောက်မှုနည်းပြီး ကူညီမှုမရရှိနိုင်သည့် နေရာများ ကျန်နေအုန်းမှာဖြစ်ကြောင်းဖြင့် စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဖတ်ကြား ဆွေးနွေးခဲ့သည်။
စာအုပ်ပါအကြောင်းအရာများထဲမှ လူငယ်တစ်ယောက်၏ ကူညီလိုသည့် အသိစိတ်များကို သိမြင်ခဲ့ရ၍ လူငယ်များအနေဖြင့် စာအုပ်စာပေများမှ အကြောင်းအရာများကိုလေ့လာမှတ်သားဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာရရှိစေမှာဖြစ်ကြောင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လူငယ်တိုင်းမှ ာတာဝန်ရှိကြောင်းဖြင့် လူငယ်နှင့် အသိစိတ်ဓာတ်အကြောင်းများအား ဆွေးနွေးပြောကြားခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ဝိုင်းသို့ မူလတန်းပြဆရာမနှစ်ဦးနှင့် ကျောင်းသား/ကျောင်းသူကလေးငယ်များ တက်ရောက်ဆွေးနွေး ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း