ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

ရွှေသောင်ယံ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို အ-မ-က(၇၉)ဂျိုင်လယ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်မှ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် မြန်မာတို့စစ်မှန်သောလွတ်လပ်ရေးကိုရရှိခဲ့ခြင်းဖြစ်ကြောင်း ထိုမှအစပြု၍ မြန်မာတို့၏လွတ်လပ်ရေးကြိုးပမ်းမှုများ၊ လွတ်လပ်ရေးနေ့သမိုင်းကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အ-မ-က(၇၉)ဂျိုင်လယ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ လွတ်လပ်ရေးနေ့ကဗျာများရွတ်ဆိုကာ ကဗျာရွတ်ပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့အကြောင်းအရာများဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)