သရက်မြို့၌ သံဃာတော်များ၊ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ၊ ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်းဆောင်ရွက်

သရက် ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သံဃာတော်များ၊ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ ပင်စင်စား(အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များက အသက် (၈၅) နှစ်အထက် အဘိုးအဘွားများကို ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရအစားအသောက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)