ပန်းတောင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ဖြူပြာမင်း၊ မြို့နယ်သားဖွားဆရာမဒေါ်ခိုင်သဥ္ဇာဝင်းနှင့်တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းများလက်လီ၊ လက်ကားရောင်းချနေသော ဆေးဆိုင်များအားစံမညီဆေးဝါးများရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ e-Sibmission ဖြင့် ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးထားခြင်းရှိ/မရှိ၊ Batch no နှင့် Expire Date ကို သေချာစိစစ်ပြီးမှဝယ်ယူကြရန်နှင့် Biogrip-40 Tablet (Telmisartan USP 40mg) 2406AA4594 ၊ Exefim 400 Capsule (Cefixime Trihydrate USP eq. to Cefixime 400 mg) 2406AA4773 ၊ Semodazol Suspension (Metronidazole Benzoate BP equivalent to Metronidazole 200mg) R2403AA7532 စသည့် စံမညီဆေးဝါးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ရာရောင်းချမှု မရှိကြောင်းတွေ့ရှိရပါသည်။
လပြည့်လင်း(ပြန်/ဆက်)