ပန်းတနော်မြို့နယ်ရှိ အ.မ.က(၃)ကျောင်းသို့ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပန်းတနော် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ်တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ အ.မ.က(၃)ကျောင်းသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါနယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရန်နည်းလမ်းများ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးနောက် နံရံကပ်စာစောင်များပြသကာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုကြပြီး တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များနှင့် ဓမ္မရုပ်ပြစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)