ကော့ကရိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆုရရှိသူများအား ဆုချီးမြှင့်ပေးပွဲအခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအားဆုချီးမြှင့်ပေးပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့သည်။