ဒီပဲယင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ဒီပဲယင်း  ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးစီးကြီးမှူးကျင်းပသော(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  အားကစားပြိုင်ပွဲများဖြစ်ကြသည့် အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို ရပ်ကွက် နှင့်ဌာနဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထုတ်ဆီးတိုးပြိုင်ပွဲ၊ ခြေပူးနှစ်ယောက်တွဲအပြေး ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲများကို အထက်တန်း၊ အလယ်တန်း ကျောင်းသား/ကျောင်းသူများကလည်းကောင်း၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အားလူး ကောက်ပြိုင်ပွဲ ၊ အင်္ကျီရွေးပြိုင်ပွဲ၊ ၇၅မီတာအပြေးပြိုင်ပွဲများကို မူလတန်း ကျောင်းသား/ ကျောင်သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲဝင် ဆုရရှိသော ကျောင်းသား/ ကျောင်သူများအား ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆုများအသီးသီးချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းထွန်း ( ဒီပဲယင်း)