မင်းဘူး ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင် ထွေ/အုပ်ရုံး ဝန်ထမ်းများစုပေါင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ဖတ်ကြားရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော အဆိုပါစာအုပ်အား ဖတ်ကြားရှင်းလင်း ဆွေးနွေးဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ထွေ/အုပ်ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ ပါတီနိုင်ငံရေးကင်းရှင်းစွာ တာဝန်ထမ်းဆောင်ကြရန်နှင့် လုပ်ငန်းများကိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဝန်ထမ်း(၄၃)ဦးအား ခရိုင်ထွေ/အုပ်ရုံးမှ ဦးစီးအရာရှိများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲမသမာမှုတရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ဖတ်ကြားရှင်းလင်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)