ရွှေသောင်ယံ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အ-မ-က(၁၁၂) ခရင်ချောင်းကျောင်းသို့ Mobile ထွက်ကာ စာအုပ်စာစောင်များငှားရမ်း၍ အသိပညာပေးလုပ်ငန်း များကိုကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗဟုသုတစုံလင်စွာရရှိစေမည့် သုတရသစာအုပ်များအား ငှါးရမ်းပေးရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှု ငှါးရမ်းခဲ့ ကြသည်။ ထို့နောက် ဗဟုသုတရစရာ နံရံကပ်စာစောင်များ ခင်းကျင်းပြသ၍ ဝိုင်းဝန်းကြည့်ရှုကြသော ကျောင်းသား၊ ကျောင်းသူများအား ပြန်/ဆက်ဦးစီးမှူးမှ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile စနစ်ဖြင့် စာသင်ကျောင်းများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ ငှါးရမ်း ပေးခြင်း၊ ဗဟုသုတရစရာ နံရံကပ်စာစောင်များ ပြသပေးခြင်းဖြင့် ယခုလို ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေသော ကာလရုံးစာကြည့်တိုက်သို့ လာရောက် မဖတ်ရှုနိုင်သူများအတွက် အဆင်ပြေပြေဖြင့် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ပြီး ဗဟုသုရရှိစရာ စာစောင်များကို လေ့လာ ကြည့်ရှု၍ အသိပညာများ တိုးပွားစေမည်ဖြစ်သည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)