ကမာရွတ်မြို့နယ်အတွင်း ပြည်လမ်းတစ်​လျှောက် စုပေါင်းသန့်ရှင်း​ရေးများ​ဆောင်ရွက်

ရန်ကုန်  ဒီဇင်ဘာ  ၂၉

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ယမန်​နေ့နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ် စည်ပင်သာယာ​ရေး မြို့ပြနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်း​ရေးဌာနမှ ဝန်ထမ်းများစု​ပေါင်း၍ ပြည်လမ်းမကြီးတစ်​လျှောက် သန့်ရှင်းသာယာလှပ​စေ​ရေး စု​ပေါင်းအဖွဲ့ဖြင့် လမ်းသားနှင့်ကတ်တုံးများ​ ရေ​ဆေးခြင်းဆောင်ရွက်​ပေးလျက်ရှိပါသည်။

 အလားတူရပ်ကွက်တွင်းရှိ အသုံးပြုလျက်ရှိ​သော အမှိုက်ပုံးများနှင့် အမှိုက်သိမ်းယာဉ်များ အနံအသက်​ကောင်းမွန်​စေရန် ​ရေများဖြင့်​ဆေး​ကြောသန်စင်ခြင်းနှင့် အဓိကလမ်းမကြီးများ အင်စိန်လမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်း၊ ပြည်လမ်း၊ နာနတ်​တောလမ်း၊ ဗဟိုလမ်း၊ ဘုရင့်​နောင်လမ်းမကြီးနှင့် လှည်တန်းလမ်းမကြီး​ပေါ်ရှိ ခြံစည်းရိုးနှင့် ပလက်​ဖောင်းကြားအမှိုက်များကို ရှင်းလင်းခြင်း၊ အများပြည်သူအသုံးပြု​နေ​သော မှတ်တိုင်​နေရာများကိုလည်း​ ဆေး​ကြော၍ သန့်ရှင်းလှပ​စေ​ရေး၊ရပ်ကွက်တွင်းရှိ​ရေနှုတ် မြောင်းများ များမှ အမှိုက်များကို ရှင်းလင်းသယ်ယူခြင်းများကို မြို့နယ်စည်ပင်ဝန်ထမ်းများမှ​ စေတနာပြည့်ဝစွာဖြင့်​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရှိရပါသည်။

စိမ်းလဲ့