ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အထက(ခွဲ)မောတောင်ကျောင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ခြင်ဆေးဖျန်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ အထက(ခွဲ) မောတောင်ကျောင်းဝင်းအတွင်း ကျောင်းသူ/သားများအနေဖြင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေတောက်ရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းမှစ၍ ခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှုမရှိစေရေးအတွက် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ညောင်တုန်းမြို့နယ်တွင် ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်စနစ်ဖြင့် ဆင်းသုခ မျိုးစေ့ထုတ်၊ မျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၆၁/၂)ရှိ  တောင်သူ ဦးအောင်မင်းစိန်၏ လယ်မြေ(၉)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက စျေးရောင်း/ဝယ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်နယ်မိသားစုများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ တိရစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီရိုင်၊ မင်းလှမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းကို လက်ပံရေကျော် အုပ်စု၊ ရေကျော်ကျေးရွာ တောင်သူ ဦးစိုးမြင့်ပိုင် ယာမြေတစ်ဧက၌ တိရစ္ဆာန်အစာပင် (နေဗီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။

မတ္တရာမြို့နယ်၌ လျှပ်ဓာတ်အားပြတ်တောက်မှု လျော့နည်းရေး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ ဓာတ်အားပျောက်ဆုံးခြင်းများလျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ စစ်ဆေးခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community  Centre၌ "ဂီတ​နေ့" အခမ်းအနား ကျင်းပ

"မြန်မာ့ဂီတ​နေ့"ကိုကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာCommunity Centre၌ ဗဟန်းမြို့နယ် ဂီတအစည်းအရုံးကကြီးမှူးကျင်းပ​သော" ဂီတ​နေ့"အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
Subscribe to