ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကြည်သာစံပြကျေးရွာ မှန်စက်ရုံဝန်းအတွင်းရှိ ဆိပ်ခံဘောတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငဝန်မြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့တွင် စူဠဘွဲ့နှင်းသဘင် အောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၁ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန် စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်)အခမ်းအနားကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ် ဓမ္မာရုံ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇွန်(၂၅)ရက်နေ့ မွန်းလွဲပိုင်း၌ မြင်းကကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးခင်မောင်ချို၏ မြေနေရာ၌ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)အစီအစဉ်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) အစီအစဉ်ကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရသေ့တောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်၌ ပင်လယ်ပြင်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်သည်။

မူဆယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၏ ၂၀၂၁-၂၀၂၂ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မူဆယ်မြို့၊ နောင်လောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၃)၊ ဦးပိုင်အမှတ်(၄၉/ခ)၊ ဒေသခံတောင်သူ ဒေါ်မြထွမ်း၏ ဆင်းရွှေလီ စပါးမျိုးစိုက်ပျိုးထားသော လယ်မြေတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွက် စာရေးဆရာပိုင်ဇင်ဇော်(သတ္တု) ရေးသားသော သံလွင်ရေ ဘယ်မခန်းနှင့် စစ်ဝတ္ထုတိုများစုစည်းမှုစာအုပ်၊ ယွမ်းစလင်းကမ်းပါးယံထက်မှ ထာဝရအလင်းတန်းများစာအုပ်၊ ဆုံမှတ်မဲ့မျဉ်းဖြောင့်များစာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်​ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့သည်။

မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
Subscribe to