ကသာ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို ဂိမ်းပြိုင်ပွဲများကို ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပြီး ဂိမ်းပြိုင်ပွဲတွင် စကားပုံဆက်နှင့် သားရေကွင်းစွပ်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများအား စုပေါင်းကစားစေခဲ့သည်။ ထို့နောက် အဆိုပါကျောင်း သား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ခဲတံနှင့် မုန့်များကို လက်ဆောင်အဖြစ်ပေးဝေခဲ့သည်။
ခရိုင်(ပြန်/ဆက်)