မကွေးတိုင်း‌ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်

မကွေး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ()နာရီ အချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (UNCRC)အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကလေးငယ်များ၏ မွေးရာပါ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် စသည့် အခွင့်အရေးများအား ကလေးများအားလုံး ရရှိခံစားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ကလေးသူငယ်တိုင်း ခွဲ့ခြားဆက်ဆံမှုကင်းပြီး တန်းတူ ညီမျှစွာဖြင့် ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့်များအား အပြည့်အဝရရှိ နိုင်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများသာမက စေတနာရှင်၊ ပြည်သူလူထုနှင့်ပါ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်း ကလေးများ၏ ပညာရေးနှင့် ကျန်းမာရေးများ အတွက်လည်း စီမံချက်များ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်စီမံချက် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မိမိတို့တိုင်းဒေသကြီး အနေဖြင့်လည်း ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ()ရပ်ဖွဲ့စည်းကာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်နေကြောင်းနှင့် ကလေးသူငယ်များ အားလုံး လုံခြုံစိတ်ချပြီး ဘေးကင်းသောပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေးအတွက် ဝိုင်းဝန်းပူး ပေါင်းဆောင် ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသည့် တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက မိမိတို့ဌာန အဖွဲ့အစည်းများအနေဖြင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  တွေ့ကြုံရသော အခက်အခဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)