ရေကြည်မြို့အတွင်း မိတ္ထီလာတံတားသစ်ဖွင့်ပွဲအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်

ရေကြည် ဒီဇင်ဘာ ၂၉

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ဧရာဝတီ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍရေးနှစ် ရေကြည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ထားသော ရေကြည်မြို့အတွင်း မိတ္ထီလာတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က အောင်ဆန်းမြို့ပတ်လမ်းရှိ အဆိုပါတံတားမုခ်ဦးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

တံတားဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့မှ တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့ပြီး ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရေများပတ်ဖြန်းကာ တံတားပေါ်သို့ လှည်လည့်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ သံကူကွန်ကရစ်တံတားမှာ အလျား(၆၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၂၂)ပေ၊ ကျယ်ဝန်း ပြီး၊ တံတားခံနိုင်ဝန် (၃၀)တန် (ယာဉ်တစ်စီးချင်း) ဖြစ်ပြီး တင်ဒါအောင်မြင်ခဲ့သည့် (Emereld Delta) ကုမ္ပဏီမှ တင်ဒါအောင်မြင်ငွေကျပ် (၂၂၄.၅၅)သန်းဖြင့် (၃-၆-၂၀၂၁)ရက်နေ့မှ စတင်၍ ဆောက်လုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အောင်သူဟန်  (ပြန်/ဆက်)