ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန်နဲ့အခြားရောဂါပိုးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများသို့ဖြန့်ဝေ

ညောင်ဦး   ဒီဇင်ဘာ   ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းအို မီခရွန်နဲ့ အခြားရောဂါပိုးများအကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ်အတွင်း နေရာလေးနေရာခွဲ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန်နဲ့ တခြားဗီဇပြောင်းပိုးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား ညောင်ဦးမြို့နယ်၊ မြိုနယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်ကာဌာနဆိုင်ရာများမှ ညောင်ဦး-ကျောက်ပန်း တောင်းနှစ်လမ်းသွား လမ်းမကြီးတဘက်တချက်တွင် ဖြတ်သန်းသွားလာကြသည့် မော်တော် ယာဉ်၊ မော်တော် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များပေါ်ပါပြည်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မဏိစည်သူဈေး ဈေးတွင်းဈေးပြင်ရှိ ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဘုန်းစဉ် အခွန်လွတ်ဈေးနှင့်် ပုဂံမြို့သစ်ဈေးကြီးအတွင်းအပြင်ရှိ ဈေးရောင်းဈေးဝယ်များအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် Maskမတပ်ဆင်သည့် ဈေးဆိုင်များကို ဈေးမဝယ်ကြရန်၊ အပြင်ထွက်တိုင်း Maskတပ်ဆင်သွားလာကြရန် တို့ကိုဟန်းစပီကာများဖြင့်လည်း ဈေးသူဈေးသားများအား နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD