ဝက်လက်မြို့၌ ဥကပ်ပါးနဂျီလွှတ်ရခြင်း၏ အကျိုးကျေးဇူအသိပညာပေး Talk Show ကျင်းပပြုလုပ်

ဝက်လက် ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community center ခန်းမတွင် ယမန်နေ့ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူပေါင်းကာ ဥကပ်ပါး နဂျီလွှတ်ရခြင်း၏ အကျိုးကျေးဇူး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး Talk Show အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်မိုးဝတ်ရည်သောင်းမှ တောင်သူများ အကျိုးအတွက် ဥကပ်ပါးနဂျီ မွေးမြူရေး ဓာတ်ခွဲတမ်း ဆောက်လုပ်ထားရှိရခြင်း၏ ရည်ရွယ်ချက်မှာ ဓာတုပိုးသတ်ဆေး သုံးစွဲခြင်းသည် စျေးကြီးပြီး တောင်သူများ အတွက် ကျန်းမာရေးလည်း ထိခိုက်ပြီး သဘာဝ ဂေဟစနစ်ကို ပျက်စီးစေ၍ ဥကပ်ပါးနဂျီ အသုံးပြုခြင်းဖြင့် ဖျတ်ပိုးဥမြုံတွေဖြစ်သည့် (ဆစ်ပိုး ငမြောင်တောင်ပိုးစသည့် လိပ်ပြာဖလံမျိုးရင်ဝင် ဖျတ်ပိုးတွေကို ကပ်ပါးပြု ဥချခြင်းဖြင့် ဖျတ်ပိုး ဥမြုံတွေကို ဖျတ်ဆီး သွာမှာဖြစ်သည့်အတွက် ဓာတု ပိုးသတ်ဆေး သုံးစွဲမှု လျှောချရန် မွေးမြူရခြင်းဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် လာမည့် နွေစပါးရာသီမှာ မိမိ စပါးခင်းများထဲသို့ နဂျီဥကပ်ပါးလွှတ်၍ ဖျတ်ပိုးများ နှိမ်နှင်လိုပါက ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ချိတ်ဆက်၍ ဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေး သွားသည်။

စိုးစိုးလှိုင် (ဝက်လက်)