အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းသို့ မေတ္တာအနန္ဒဖောင်ဒေးရှင်းမှ ကွန်ပျူတာ လှူဒါန်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက မေတ္တာအနန္ဒဖောင်ဒေးရှင်းမှ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေး အထောက် အကူပြုနိုင်ရန်နှင့် အဆိုပါကျောင်းရှိ (Computer learning Center) တွင် အသုံးပြုနိုင်ရန် အတွက် Lenovo ThinkPad (Laptop) အမျိုးအစားကွန်ပျူတာ (၁၀)လုံး ပေးအပ်လှူဒါန်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။