ဇလွန်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ဇလွန် ဇွန် ၂၉ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး ဇလွန်မြို့နယ် တရားသူကြီး ဒေါ်စိမ်းမို့မို့က နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်အား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ဇလွန်မြို့မ ရဲစခန်းမှူးနှင့် နယ်မြေရဲစခန်းမှူး၊ အမှုစစ်အရာရှိ များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)