စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၁၆ ရက်နေ့အတွင်း လေဘေးဖြစ်ပွားခဲ့မှုများအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ပေါ်ဦး ပေါ်ဖျား နာနတ်သီးများ ဈေးကွက် ဝင်ရောက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပေါ်ဦး ပေါ်ဖျား နာနတ်သီးများ ဈေးကွက်ဝင်ရောက်လာပြီး ဒေသခံပြည်သူအများဝယ်ယူ စားသုံးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲတော်ကို ယနေ့ နံနက်(၇:၃၀)နာရီအချိန်က အမ်းမြို့နယ်  အေးရိပ်သာဘုန်းတော်ကြီးကျောင်းတိုက်ဝန်းတွင် စုပေါင်းစိုက်ပျိူးခဲ့ကြောင်း သိရသည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၄၉ ဦး၊ စုစုပေါင်းအလုပ်သမား (၁၆၅)ဦး ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှု​ရေးကယ်ဆယ်​ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ပုလဲဖြူလူမှုကယ်ဆယ်​ရေးအဖွဲ့ (ကော့ကရိတ်မြို့)တို့ပူး​ပေါင်း၍ နိုင်ငံတကာအ​ရေး​ပေါ်အသက်ကယ်သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် မြန်မာနိုင်ငံလူမှု​ရေးကယ်ဆယ်​ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ပုလဲဖြူလူမှု​ရေးကယ်ဆယ်​ရေးအဖွဲ့(​ကော့ကရိတ်မြို့)တို့မှ ပူး​ပေါင်းဖွင့်လှစ်သည့် နိုင်ငံတကာအ​ရေး​ပေါ် အသက်ကယ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ယ​နေ့နံနက်၉နာရီချိန်က ပုလဲဖြူလူမှုကယ်ဆယ်​ရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ချည်မျှင်ရွှေဝါ တိုးချဲ့ဧရိယာနှင့်မျိုးစေ့ထုတ် ဧရိယာများအတွက် မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်၊ မိုးနှောင်း ချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်ဧရိယာများအတွက် မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းတွင် အသိပညာပေး‌ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ)တွင် ယနေ့နံနက် (၁၀) နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် (၁၀၈၉၈၃)ဦးနှင့် ဒုတိယအကြိမ်တွင်(၇၈၅၁၂)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်းရှိ ဒေသခံပြည်သူများအား ဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် စံညီစာကြည့်တိုက်များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှု စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့ နံနက်နက်ပိုင်းတွင် စံညီစာကြည့်တိုက် များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာ၌ လောကရတနာစာကြည့်တိုက် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

မိတ္ထီလာ၌ လောကရတနာစာကြည့်တိုက်တည်ထောင်ဖွင့်လှစ်သော (၃) နှစ်ပြည့်နှစ်ပတ်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြည်သာယာ(မ)ရပ်ကွက် ရတနာ ဦးကျောင်းတိုက်တွင်ရှိသော အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to