အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှုးကြီးအောင်ဇော်မျိုး မြင်းခြံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများနှင့်တွေ့ဆုံ
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်မျိုး၊ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များသည် မြင်းခြံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နေ့လယ်(၃) နာရီအချိန်က မြင်းခြံ တက္ကသိုလ်ပင်မဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။