ကန်ကြီးထောင့် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး လက်အောက်ရှိ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဟိန်းဦးပိုင်၏ လမ်းညွှန်မှု ဖြင့် လိုင်းတာဝန်ခံနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့၊ ကံကုန်း နှင့်ကိုးဆူ ကျေးရွာရှိ 11 kv ဓာတ်အားလိုင်း တွင်တပ်ဆင်ထား D/S (Disconneting Switch) အသစ်တစ်စုံ လဲလှယ်တပ်ခြင်းလုပ်ငန်းနှင့် AutorecIoser တစ်လုံးလဲလှယ်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်အင်ဂျင်နီယာ ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ကန်ကြီးထောင့်မြို့နယ်ရှိ 11 Kv ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှ ဓာတ်အား ဖြန့်ဖြူးပေးထားသော Feeder(2) ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးအတွက် Breaker အသစ် လဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းများကို စစ်ဆေးထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြသည်။ ယခုအခါ ကန်ကြီးထောင့်မြို့၊ မြို့ပေါ် ရပ်ကွက်ရှိ ထရန်စဖော်မာမှ ၄၀၀ ဗို့ ဓာတ်အားလိုင်း Feeder(2) အား Breaker အသစ် လဲလှယ်တပ်ဆင် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်မီးလာချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် ရယူသုံးစွဲနိုင်ပြီဖြစ် ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ သိရ သည်။
မဇင်(ပြန်/ဆက်)