နမ္မတူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၉၁.၆၁၆)ကျပ်သန်းဖြင့် မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံ စတင်တည်ဆောက်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၉၁.၆၁၆)ကျပ်သန်းဖြင့် မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံ တည်ဆောက်ရန်အတွက် အုတ်မြစ်ချပနက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က နမ္မတူမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။