ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား အမျိုးသား(၈၄)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင်၊​​​ ဘောလခဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာ၊​​ဘောလခဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပညာ​ရေးဌာနတို့ ပူး​​​ပေါင်း၍ ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၁ နာရီက ဖား​ဆောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ​ဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေး သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင်၊ ​​​ဘောလခဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ပညာရေးဌာနတို့ ပူးပေါင်းကာ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဖား​ဆောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ​ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်တက္ကသိုလ်တွင် ခါဝသန်အဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား စိတ်ဓာတ်နူးညံ့သိမ့်မွေ့ပြီး အနုပညာကို စည်းစနစ်တကျ ခံစားတတ်စေရန်အတွက် ခါဝသန်အဆိုပြိုင်ပွဲကို ယမန်နေ့က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းသား/သူ(၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်၌ ဒေသထွက်အင်ဥများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ မိုးဦးကာလတွင် ရာသီစာအစားအစာတစ်ခုဖြစ်သည့် အင်ဥများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိကြောင်း အင်ဥရှာဖွေရောင်းချသူများထံမှ သိရသည်။

ခမောက်ကြီးမြို့ Quarantine Center တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် ကော့သောင်းမြို့သို့  နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့်ပြစ်ဒဏ် ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၄၉ဦး၊ စုစုပေါင်း အလုပ်သမား (၁၆၅)ဦး တာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထိုမှတဆင့် အမျိုးသမီး (၂၄)ဦးတို့အား ခမောက်ကြီးမြို့  Quaratine Centerသို့ ပို့ဆောင်၍ စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထပ်မံထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီက ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကိုရင်လေးများအား

လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများ အား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက် ရွာမအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to