မြောက်ဦး ဇွန် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင် ကာကွယ်ရေးအနေဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က ထမ္မရာဇ်ရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ တို့ပူးပေါင်းပြီး ၎င်းရပ်ကွက်အတွင်းရှိ ပြည်သူများ နေအိမ်သို့ သွားရောက်ကာ ဘုရားညောင်ရေ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ကျား လောက်လန်း မပေါက်ပွားစေရန်အတွက် ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း ၊ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းများနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)