ရွှေတောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရသေ့တောင်မြို့နယ်၊ အထက(၂)ကျောင်း၌ (သိပ္ပံဘာသာတွဲ)ဖြင့် ဘာသာစုံဂုဏ်ထူးရရှိသူ မခင်ခင်ဇော်၏ ရင်တွင်းပီတိစကားသံများ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ရသေ့တောင်မြို့ မြို့မ အထက(၂) ကျောင်း၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အောင်မှတ် ၅၀၂ မှတ်ဖြင့် ဘာသာစုံဂုဏ်ထူးရှင် မခင်ခင်ဇော်၏ ရင်တွင်းစကားသံများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ လက်ကိုင်ရှည်ထွန်စက်နှင့် တွဲဖက်စက်တုံးကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားတိုင်းကျေးရွာအုပ်စု၊ ရှားတိုင်းကျေးရွာ ကွင်းအမှတ် (၅၀၉)ကွင်း အမည် (ပွဲ သာကွင်း) ဦးပိုင် အမှတ် (၁၀၄) တောင်သူ ဦးတင်ရှိန်၏ လယ်မြေ (၀.၃၂) ဧကတွင် မှော်ဘီ-၂စပါး မျိုးကွဲအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ လက်ကိုင်ရှည်ထွန်စက်နှင့် တွဲဖက်စက်တုံး ကိရိယာဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပေးခဲ့သည်။

သာ​ကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာ​​ကေတမြို့နယ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍

လွိုင်ကော်မူလတန်းကြိုကျောင်း၌ ပြည်နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကယားပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည် ။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။ 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအရှိန်အဟုန်မြှင့်ကွင်းဆင်းထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရန်၊ ကျန်းမာပျော်ရွင်စွာပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍

ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများအားကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ရွှေပြည်သာမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက်ကားလမ်းပိုင်း ပျက်စီး၍ ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်းမရှိ

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယနေ့ နံနက်(၁၁)နာရီခန့်တွင် လွယ်ဂျယ်−မိုးမောက်သွား ကားလမ်းမကြီး မြေသား နိမ့်ကျပျက်စီးမှုဖြစ်၍ ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ကုန်တင်ယာဉ် ယာဉ်ကြီးများ ရပ်နားထားရကြောင်း သိရသည်။
Subscribe to