ကျောက်ဆည်မြို့၌ မိုးစပါးစိုက်ဧက(၅၂၈၁၇)ဧက စိုက်ပျိုးရန်လျာထား

ကျောက်ဆည် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၂-၂၀၂၃-ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၂၈၁၇)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါးများကို  နွားတက်၊ ကွမ်းဆေး၊ အထက်လင်းဇင်း၊ ငပြောင်၊ သင်းတွဲ၊ သင်းဒီး၊ မင်းရဲ၊  ဇီးတော၊  တမုတ်၊ ထုံးကြီး၊ စမာ ရေးပေးဝေမြောင်းများမှ မြောင်းရေသောက်စနစ်ဖြင့် (၃၅၉၉၄)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၆၀၂၇)ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် (၄၃၆)ဧက၊ မိုးကောင်းသောက် (မိုးရေ)ဖြင့် (၂၅၀)ဧက၊ မြေအောက်ရေ(စက်ရေတွင်း)ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစပါးများစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး  စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းကာ နည်းပညာများကူညီဖြည့်ဆည်းပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)