နောင်ချို ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတွင် အသက်၂လမှ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် စတင်တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်းများကို မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်၂လမှ ၁နှစ်ခွဲအောက် ကလေးများအား ပိုလီယိုနှင့်ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ပြင်းထန်တီဘီရောဂါကာကွယ်ဆေး (ဘီစီဂျီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့်ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) ကာကွယ်ဆေးများကို ပုံမှန်ဆေးထိုးဆေးတိုက်လုပ်ငန်းများ အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း မိခင်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ထွေးငယ်(ပြန်ဆက်)