မိုင်းခတ်မြို့၌ ပြည်သူများအသိပညာပေးနံရံကပ်စာစောင်များပြသ

မိုင်းခတ် ဇူလိုင် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးတွင်းနံရံကပ်ပြဘုတ်များတွင် ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များပြသရာတွင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး ပညာ‌ပေးစာစောင်များ၊ မျောက်ကျောက် (Mokeypox) ရောဂါ ဆိုင်ရာ ကိစ္စရပ်များနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များစသည့် အသိပညာဗဟုသုတများစွာ ရရှိနိုင်သည့် နံရံကပ်စာစောင်များကိုပြသရာ ပြည်သူများကကြည့်ရှုခဲ့ကြောင်း သိရသည်။