တပ်ကုန်းမြို့၌ သုတစုံလင်စာဥယျာဉ်အစီအစဉ် Online အသိပညာပေးဟောပြော

တပ်ကုန်း  ဇူလိုင် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ သုတစုံလင်စာဥယျာဉ် အစီအစဉ် အသိပညာပေး ဟောပြောခြင်းကို Online မှ တစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ “အလှဆုံးအပြုံး မေမေ့ မျက်နှာ” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစီအစဉ်တွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)က “အလှဆုံးအပြုံး မေမေ့မျက်နှာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထိုခေါင်းစဉ်ထဲတွင် အပျိုပေါ်ဝင်စအရွယ် ကျန်းမာရေးထိန်းသိမ်းခြင်းနှင့် အပျိုစင်ဘဝ ထိန်းသိမ်းခြင်းအကြောင်းတို့ပါဝင်ကြောင်း သိရပြီး၊ “အလှဆုံးအပြုံးမေမေ့မျက်နှာ”  ခေါင်းစဉ်ဖြင့် ဟောပြောခြင်းအကြောင်းအရာအပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှ တစ်ဆင့် တပ်ကုန်းမြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook page တွင်  တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်