ပေါင်းတည် ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ပေါင်းတည် အ.ထ.က ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူးက စိုက်ပျိုးမည့် သစ်ပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား ပေးအပ်ပြီး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများက ကျွန်း၊ မန်ဂျန်ရှား၊ ခရေနှင့် ရေတမာ စသည့်ပျိုးပင် ၁၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)