ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ “မြန်မာအမျိုးသမီးများနေ့”အထိမ်းအမှတ် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ
ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနCommunity Centre၌ယနေ့၊ နံနက် ၁၀ နာရီက စာရေးဆရာမပေါက်ပေါက် ဦးဆောင်၍ စာပေချစ်သူများနှင့် စာရေးဆရာတင်နိုင်တိုးရေးသားသည့် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။