ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community  Centre၌ “မြန်မာအမျိုးသမီးများ​နေ့”အထိမ်းအမှတ် စာ​ပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

ဗဟန်း ဇူလိုင် ၁

ဇူလိုင်လ ၃ ရက်​နေ့တွင် ကျ​ရောက်မည့် မြန်မာအမျိုးသမီးများ​​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနCommunity Centre၌ယ​နေ့၊ နံနက် ၁၀ နာရီက စာ​ရေးဆရာမ​ပေါက်​ပေါက် ဦးဆောင်၍ စာ​ပေချစ်သူများနှင့် စာ​ရေးဆရာတင်နိုင်တိုး​ရေးသားသည့် ထင်​ပေါ်​​ကျော်ကြား မြန်မာအမျိုးသမီးများစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာ​ရေးဆရာမ​ပေါက်​ပေါက်က မြန်မာအမျိုးသမီးများသည်  ခေတ်အဆက်ဆက်တွင် တိုင်းပြည်အကျိုးထမ်း​ပိုးရာ၌ အမျိုးသားများနှင့် တန်းတူတာဝန်​ကျေခဲ့ပါ​ကြောင်း၊ မြန်မာအမျိုးသမီး​နေ့ ဖြစ်​ပေါ်လာပုံအ​​ကြောင်းများ၊ ပါလီမန်​ခေတ်ကဏ္ဍ​ပေါင်းစုံ၌ထူးချွန်ထက်မြတ်သည့် အမျိုးသမီးများအ​ကြောင်းနှင့် ထားဝယ်အမျိုးသမီး​လေးသူရမချစ်ပိုအ​ကြောင်းတို့ကို အသိပညာရရှိဖွယ်ဖတ်ရှု​ခဲ့ပြီး တက်​ရောက်လာသူစာ​ပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန်ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး