ကသာ ဇူလိုင် ၁
၂၀၂၂ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ u-25 အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ဆုဖလား ဆွတ်ခူးရရှိသော ကသာမြို့နယ် အမျိုးသား/ အမျိုးသမီး အဖွဲ့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ဂုဏ်ပြုပွဲတွင် ကသာမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးထက်ဝင်းက အမှာစကားပြောကြားရာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များကို ဆွတ်ခူးနိုင်ခြင်းသည် မိမိခရုင်၊ မြို့နယ်၏ ဂုဏ်အဆင့်အတန်းကို မြင့်မားတိုးတက်စေသောကြောင့် ယခုနှစ် ခရိုင်နှင့်မြို့နယ် ဘတ်စကက်ဘောပြိုင်များတွင် အမျိုးသား/အမျိုးသမီးအသင်းအနေဖြင့် ရွှေတစ်ခုနှင့် ငွေတစ်ခုရရှိပြီး ပထမ၊ ဒုတိယဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း ခရိုင်၊ မြို့နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် လိုကြောင်း ပြောကြားပြီးနောက် တာဝန်ရှိသူများက တံခွန်စိုက် ဆုဖလာများကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌထံ အပ်နှံခဲ့သည်။
ထို့နောက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောအဖွဲ့အား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီအဖွဲ့က ဂုဏ်ပြုဆုငွေ နှစ်သိန်းကျပ်ကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာ (ကသာ)