ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည် Talk Show ဆောင်ရွက်

နေပြည်တော်  ဇူလိုင် ၁

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြို လှုပ်ရှားမှုအဖြစ် မြန်မာအမျိုးသမီးတို့၏ဂုဏ်ရည် ခေါင်းစဉ်ဖြင့်  အသိပညာပေး Talk Showကို ယနေ့ မွန်းလွဲပိုင်း တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်ရွက်သည်။

အသိပညာပေး Talk Show အစီအစဉ်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊  စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)တို့က မြန်မာအမျိုးသမီးများ စံထားလေးစားရမည့်အချက်များ၊ ဘာသာရေးနှင့်ပတ်သက်ပြီး မြန်မာအမျိုးသမီးတို့၏ ထိန်းသိမ်းစောင်ရှောက်မှုများ၊ မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်အသိပညာပေးTalk Show ဆွေးနွေးမှု အပြည့်အစုံကို We Love Dakhina District Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)