ထန်းတပင်မြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်​ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းကို ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ (၁) ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ကွန်ပျူတာအခြေခံသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၂) အဆင့်မြင့်ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂)နှင့် လက်တွေ့အသုံးချကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ရေးမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် ရေးမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ပလောက်မြို့၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် လူမှုရေးပင်စင်အား အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန် ထမ်းဦးစီးဌာနမှထောက်ပံ့ပေး အပ်လာပါသဖြင့်ပလောက်မြို့မြို့ပေါ်ရပ်ကွက်များရှိ အဖိုး/အဖွား(၂၆)ဦးအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တောင်ကုတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးရှေ့၌ ကျင်းပသည်။

ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများအား ပေးအပ်ခြင်းအခမ်းအနားကို ရေဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာ ဝတီခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်လံခရိုင်ရုံး ဆိုင်းဘုတ်တင်အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ခရိုင်အထွေထွေအုပ်ချု်ပရေးဦးစီးဌာနအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းမှ ကြီးမှူး၍ မြို့နယ်သံဃာ့နာယက သီတဂူ‌အရှင် ဦးဇောတိက (မဟာသဒ္ဓမ္မ ဇောတိကဇေ) ဆရာတော်နှင့် ပင့်သံဃာ(၅)ပါးတို့ထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူ၍ သံဃာတော်များအား ဆွမ်း၊ အချိုပွဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမှုရေးရာ၀န်ကြီးအမျိုးသမီးကော်မတီ (၂/၂၀၂၂)  ညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသမီးကော်မတီ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်နယ် လူမှု၀န်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ သီတဂူစက္ခုဒါန ဆေးရုံတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ သီတဂူစက္ခုဒါနဆေးရုံတော်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၁)ရက်၊ နံနက်(၉)နာရီအချိန်က အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိကျေးဇူးတော်ရှင် အဘိဓဇ မဟာရဌဂုရု သီတဂူဆရာတော်ဘုရားကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
Subscribe to