မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မအားလပ်သဖြင့်စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် လက်ဝယ် အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အပတ်စဉ်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီက  အမှတ်(၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် ရိုက်ကူး တင်ဆက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုး သမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show အစီအစဉ်ကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ရိုက်ကူး တင်ဆက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ဌာနဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား

ကလေးမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရ ောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေး

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား

ကဝမြို့နယ်၌ ငါးသယံဇာတ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကျားတက်ကျေးရွာ ငါးမွေးမြူရေးကန်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအား ဖြင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီး များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to