ပိုင်ကျုံ ဇူလိုင် ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ် ဆေး(Abate) ခပ်ခြင်းများကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များများ ပြည်သူများ၏ နေအိမ်များရှိရေသွန်လောင်ကန်များ၊ ရေစည်များကို ခြင်မှတဆင့် ပေါက်ဖွားလာသည့် ပိုးလောက်လန်းများ မရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်များ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် မိုးဦးရာသီတွင်ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ပြည်သူများသွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)