မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။