တန့်ယန်း ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြုလုပ်ဆောင်ရွက်ပေးသည်။
အဆိုပါ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးနေမှုကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ တန့်ယန်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်ရွှေအိ(ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကြပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တန့်ယန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် ဆရာဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)