လားရှိုးမြို့၊ တာပုံကျေးရွာအုပ်စု၌ မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေများပေးအပ်

လားရှိုး ဇူလိုင် ၁

လားရှိုးမြို့၊ တာပုံကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာ တွင်နေထိုင်သူ လယ်ပိုင်ရှင်ဦးဆန်ဆွဲ၏ လယ်မြေ၌ ဇွန်လ(၃၀)ရက်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်ကမန်ကောင်းကျေးရွာနေ ဦးအိုက်ဆေ့၊ (ဘ)ဦးသန်းလူ၊ ပလောင်/ဗုဒ္ဓ နှင့် ဦးအိုက်ညွှန့်၊ (ဘ)ဦးအိုက်ဦး၊ ပလောင်/ဗုဒ္ဓတို့သည် လယ်ထွန်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် ဦးအိုက်ဆေ့မှာ နေရာတွင် သေဆုံးသွားပြီး ဦးအိုက်ညွှန့်အား လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိရာ အဆိုပါ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-)၊ ဒဏ်ရာရ(၁)ဦး အတွက် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၂)ဦးအတွက် ထောက်ပံ့ငွေ (၃၅၀၀၀ဝိ/-)အား ဇူလိုင်(၁)ရက်နေ့၊ နံနက်(၁၁)နာရီခွဲအချိန်ကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)