ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးလုပ်ငန်းကို ယနေ့တွင် ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်တဥ္ဇာစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များ၊ မဲဆန္ဒရှင်ပြည်သူများမှ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်သောအခွင့်အရေးများနှင့် စနစ်တကျ မဲပေးပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စံပြကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား အသုံးပြု၍ လွှတ်တော်အသီးသီးတွင် ကိုယ်တိုင်မဲပေးခြင်းကို လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )