ပွင့်ဖြူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးမှ ပြည်သူများကို ကူညီဆောင်ရွက်ပေးနေသော ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာဝေလွင်ဦးက ခွေးရူးရောဂါကင်းစင်အောင် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ခွေးရူးရောဂါ၏လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေများနှင့် ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )