မလှိုင် စက်တင်ဘာ ၂၆
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က စာကြည့်တိုက်သို့ စာငှား၊ စာဖတ် လာရောက်ကြသည့် မူလတန်းအဆင့် ကလေးများစုပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး A to Z စာလုံးဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယခုလိုသီတင်းကျွတ် ကျောင်းပိတ်ရက်လေးမှာ စာကြည့်တိုက်ကို လာရောက်ကြတဲ့ ကလေးများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ၊ ဒီလိုပြိုင်ပွဲများ ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးများအတွက် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေမှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့်ကျွန်မတို့ စာကြည့်တိုက်ကို အမြဲလာရောက်ကြစေချင်ကြောင်းနှင့် ကျောင်းအား လပ်ရက်များမှာ စာကြည့်တိုက်သို့လာရောက်ကာ ပြင်ပစာပေလေ့လာဖတ်ရှုရသည့်အတွက် စာပေ၏အကျိုး ကျေးဇူးများ ရရှိစေမှာဖြစ်ပြီး၊ တစ်ဦးနှစ်တစ်ဦးလည်း ရင်းနှီးမှုရရှိစေကာ အတွေးအခေါ်များမြင့်မားလာစေမှာဖြစ်ကြောင်း ရှင်းလင်းချပြပြောကြားခဲ့သည်။ ထို့နောက် A to Z စာလုံးဆက်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲအပြီးမှာတော့ A to Z စာလုံးဆက်ပြိုင်ပွဲ ယှဉ်ပြိုင်ကြတဲ့ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်လက်ထောက်-၃ မှ ဗလာစာအုပ် (၁) အုပ်စီ နှင့် ခဲတံများ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)