ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ ညနေက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲ၌ အမျိုးသားပြိုင်ပွဲဗိုလ်လုပွဲအဖြစ် အ-ထ-က-အောက်လိပ်ကျောင်းအသင်းနှင့် အ-လ-က(ခွဲ) သဲစုပ်စက်မိုင်းကျောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲအပြီးတွင် အ-ထ-က-အောက်လိပ် ကျောင်းအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ  အမျိုးသမီးပြိုင်၌ ဒုတိယဆုရရှိသည့် အ-လ-က(ခွဲ)သဲစုပ်စက်မိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာသီရိနွေးကလည်းကောင်း၊ ပထမဆုရရှိသည့် အထက-အောက်လိပ် ကျောင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်တံခွန်စိုက်ဆုဖလားကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးနိုင်ဝင်းကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲ၌ ဒုတိယဆုရရှိသည့် အ-လ-က(ခွဲ)သဲစုပ်စက်မိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်ပညာရေးမှူး ဦးအောင်စိုးကလည်းကောင်း ပထမဆုရရှိသည့် အ-ထ-က-အောက်လိပ်ကျောင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအားကစားပြိုင်ပွဲများကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပခဲ့ပြီး ဘုတ်ပြင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်းမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)