ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ထုတ်သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားအုပ်စုအိုရင်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး တောင်သူများအား နေကြာသီးနှံမျိုးစေ့ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဘိုးရင်ကလေးကျေးရွာအုပ်စုတွင် အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ ဘိုးရင်ကလေးကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၇၅)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှအသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန် အောင်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကျား/မ ဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရှမ်းကွင်းသူဌေးကုန်း ကျေးရွာတွင် ကျား/မ ဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ်သင်တန်းများကို ယနေ့တွင် ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ဇူလိုင်လအတွက် စိုက်ပျိုးစရိတ် ချေးငွေများအားထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ အချိန်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုအထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ်  ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို

လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် မူးယစ်ကင်းစင်ကျောင်းပတ်ဝန်းကျင် အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာစီးဌာန၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် မူးယစ်ကင်းစင် ကျောင်းပတ်ဝန်းကျင် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါအကြောင်း အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါအကြောင်း အသိပညာပေးဆိုင်းဘုတ်ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်-ပြည် ကားလမ်းဘေး မြို့မဈေးအရှေ့ဘက်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်းရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါ ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to