ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်  မိုးရာသီအားကစား သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ် ပြည်သူ့ဘောလုံးအားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကွမ်းလုံမြို့၌ မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဉက္ကဋ္ဌဖလား၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို

သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်  သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက

ပန်းတနော်မြို့တွင် မိုးရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မိုးရာသီအဆင့်မြင့် အားကစားသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အ.ထ.က (၁) ကျောင်း အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး သဲကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သဲကုန်းမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ် ကလေးငယ်များအားလုံးကို ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား  ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အထက(မယ်စဲ့)၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ် ပေါင်းတည်စု-တိမ်မြှုပ်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်

ဒေသခံပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် ကုန်ထုတ်လုပ်မှု လွယ်ကူစေရန်အတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပေါင်းတည်စု-တိမ်မြှုပ်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေအား သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသန်းလွင်မှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

မဲဇလီကုန်းမြို့၌ KUBOTA ကောက်စိုက်စက် (၆-တန်းသွား) ဖြင့် သရုပ်ပြစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် သရုပ်ပြ ကောက်စိုက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မဲဇလီကုန်း မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဧက(၁၀၀)စိုက်ခင်းရှိ တောင်သူ ဦးဝင်းထိန်၏ (၁.၅)ဧကကွက်တွင် ပြုလုပ် ခဲ့သည်။
Subscribe to