ကလိန်အောင်မြို့အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၇၅)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကလိန်အောင်  ဇူလိုင် ၅

''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှအသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန် အောင်မြို့၊ အခြေခံပညာအထက်‌တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမ ဒေါ်ခင်သူဇာငြိမ်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကလိန်အောင်မြို့ အ-ထ-က ကျောင်းဝင်အတွင်း၌ အခြေခံ ပညာကျောင်း‌‌(၁၃)ကျောင်းမှ မူလတန်း၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ ကာကွယ် ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကိုသတ်မှတ်ပုံစံတွင် စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၄၇၅) ဦးခန့်ကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး အဖွဲ့ဦး‌ဆောင်၍ကျန်းမာရေးဝန် ထမ်းများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သက်မှတ်စုရပ်များတွင် သက်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)