ခိုလမ် ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အထက်တန်းအဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် Grade-10၊ Grade- 11 မှ ကျောင်းသား/သူများက ဆောင်းပါးပြိုင်ပွဲသို့ (၄) ဉီး၊ ကဗျာပြိုင်ပွဲသို့ (၄) ဉီး၊ စာစီစာကုံးပြိုင်ပွဲသို့(၈) ဉီး စုစုပေါင်း(၁၆) ဉီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အဖြေလွှာများကို နမ့်စန်မြို့နယ်သို့ ဆက်လက်ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေလင်းထွန်း(ခိုလမ်)