မိုးကောင်းမြို့၌ မွေးစမှ(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရို်င၊ မိုးကောင်းမြို့၌ မိခင်နှင့် ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင်(၅)ရက် နံနက်(၉)နာရီတွင် အဆိုပါ ဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသသို့ မသန်စွမ်းသူများ အတားအဆီးမဲ့ ဘုရားဖူးသွားလာနိုင်ရေး ဝှီးချဲများ လှူဒါန်း

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသသို့ မသန်စွမ်းသူများ အတားအဆီးမဲ့ ဘုရားဖူးခရီးသွားလာနိုင်ရေး စစ်ကိုင်းဒေသ‌ခရီးစဉ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်အသင်း(စစ်ကိုင်း)မှ ဝှီးချဲများနှင့် ဝင်ထွက်လမ်းများ ပြုပြင်ရေးအတွက် လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်(၅)ရက်၊ နံနက်ပိုင်းက အဆိုပါဒေသရှိ သမိုင်းဝင်လေးဌာန ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပက အဖွဲ့ရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဆရာ/မများနှင့် ကျောင်းသား/သူများအား သဘဝဘေးအန္တရာယ်များ သိရှိနိုင်ရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည်။

သံဖြူဇရပ် ကံကောင်းခြင်း ရတနာသစ်ပါးလွှာ အထပ်သားစက်ရုံ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝါကရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာ အထပ်သားစက်ရုံ၌ ပြုလုပ်သည်။

သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၈)လမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်၍ သရက် ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က နဘူးကွဲကျေးရွာ ရွာဦးဘုန်း​တော်ကြီး​ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့်  မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ရုံးတို့တွင် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။  

တနင်္သာရီမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစား

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ် (TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၁ ရက်မှစ၍ မြို့မအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
Subscribe to